ကာလိ ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့နည်းကျ ဆင်းစေရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီခန့်က ပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများကို ဦးဆောင်ပြီး ကာလိမြို့ ပျံကျဈေး၌ ဈေးရောင်း၊ ဈေးဝယ်နေကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးခြင်း၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးကြောပေးစေခြင်း၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြစေရန် စသည့်ဖြင့် ပြည်သူများအား တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)


