ဝါးခယ်မ  ဇူလိုင်  ၃၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရွှေလောင်းတိုက်နယ်ဆေးရုံနှင့် ကျွန်းကုန်း ကျေးရွာ/အုပ်စု ကျေးလက်ကျန်းမာရေးဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့ နံနက်ပိုင်းက အောက်ဆီဂျင် (၄၀)လီတာအိုး ၃၆ လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များက မြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် (၄၀)လီတာအိုး (၃၀)လုံး၊ ရွှေလောင်းတိုက်နယ်ဆေးရုံသို့ (၄၀)လီတာအိုး (၃)လုံး၊ ကျွန်းကုန်းကျေးရွာ/အုပ်စု ကျေးလက်ကျန်းမာရေးဌာနသို့ (၄၀)လီတာအိုး (၃)လုံး စုစုပေါင်း (၃၆)လုံးအား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါအောက်ဆီဂျင်အိုးများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ အမှတ်(၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်ရှိ အောက်ဆီဂျင်စက်ရုံမှ ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)