သဲကုန်း သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များပူးပေါင်း၍ သြဂုတ် ၁ ရက် မွန်းလွဲ(၁)နာရီက ကိုဗစ်-၁၉ ကာလအတွင်း သဲကုန်းမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ၊ စာသင်တိုက် များ၊တရားဓမ္မရိပ်သာကျောင်းများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်အပါအဝင်လှူဖွယ်ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပရဟိတကျောင်းတစ်ကျောင်း၊ စာသင်တိုက်(၄)တိုက်၊ တရားဓမ္မရိပ်သာ ကျောင်း(၂)ကျောင်းနှင့်ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်း စုစုပေါင်း(၂၁)ကျောင်းတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်အပါအဝင် လှူဖွယ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)


