ငါးသိုင်းချောင်းမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ဒုတိယနေ့)ဆက်လက်ထိုးနှံဆောင်ရွက်

mdn

ငါးသိုင်းချောင်း၊ ဩဂုတ် ၂

 

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊အထကကျောင်းဆေးထိုးစုရပ်၌ ဩဂုတ်(၂)ရက် နံနက် ၈ နာရီခွဲမှ စတင်၍ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်ရှိ အသက်(၆၅)နှစ်နှင့် အထက်ဒေသခံပြည်သူများ၊ သံဃာတော်များ၊သီလရှင်ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးVaccine(Vero Cell)ထိုးနှံခြင်း ဒုတိယနေ့အစီအစဥ်ကို ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ငါးသိုင်းချောင်းမြို့၌ ဇူလိုင်(၃၀)ရက်က ကာကွယ်ဆေးထိုး နှံခြင်းပထမနေ့တွင် အသက်(၆၅)နှစ်နှင့်အထက်ဒေသခံပြည်သူ(၁၆၄)ဦး ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ပြီး ယနေ့ဒုတိယနေ့တွင် ဦးရေ(၄၀၀)ထိုးနှံပေးသွားနိုင်ရန်စီစဉ်ထားကြောင်း၊ ဩဂုတ်လ(၂)ရက်နှင့် (၃)ရက်နေ့များတွင် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

 

ယနေ့ငါးသိုင်းချောင်းမြို့၊အထကကျောင်း၊ကာကွယ်ဆေးထိုးစုရပ်တွင် အသက်(၆၅)နှင့် အထက်ဒေသခံ ပြည်သူများ၊သံဃာတော်များ၊သီလရှင်ဆရာလေးများ ကာကွယ်ဆေးလာရောက်ထိုးနှံဆောင်ရွက်လျက်ရှိရာ မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်နှင့်ကော်မတီဝင်များ၊မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများက ဒေသခံပြည်သူများအဆင်ပြေချောမွေ့စွာကာကွယ်ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွင်ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)