မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာကော်ဝိဒမှ  ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ၄၀လီတာဆံ့အောက်စီဂျင်အိုး (၂၀)လုံးလှူဒါန်း

mdn

ဝမ်းတွင်း၊ ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊ပြည်သူ့ကျန်မာရေးဦးစီးဌာန ၊မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်စီဂျင်40လီတာအိုး(၂၀)လုံးကိုမဇျ္စိမဂုဏ်ရည်ဆရာတော်ဒေါက်တာကော်ဝိဒမှ ဩဂုတ်လ(၁)ရက် နေ့ကပေးပို့လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြိုနယ်အတွင်းရပ်ကွက်/ကျေးရွာအုပ်စုများမှကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးဆေးရုံတက် ရောက်ကုသနေသောလူနာများအတွက်လိုအပ်လျှင်အသုံးပြုနိုင်ရန်နှင့်မြို့နယ်အတွင်း ကိုဗစ်၁၉ရောဂါကူးစက်ခံနေရသည့်လူနာများအတွက် အောက်စီဂျင်ပျတ်လပ််မှုမရှိစေရန်ရည်ရွယ်၍ မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာကော်ဝိဒမှ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီးဆရာတော်ကြီးမှပေးပို့လှူဒါန်းသောအောက်စီဂျင်၄၀လီတာအိုး(၂၀)လုံးအားအောက်စီဂျင်လိုအပ်လျှက်ရှိသောလူနာများအသုံးပြုနိုင်ရေးမြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှဆောင် ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါမဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာကော်ဝိဒမှပေးပို့လှူဒန်းသောအောက်စီဂျင်(၄၀)လီတာ အိုး(၂၀)လုံး၏ခန့်မှန်းတန်ဖိုးမှာကျပ်သိန်း(၁၂၀)ဝန်းကျင်ရှိပြီး မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး အောက်စီဂျင်လိုအပ်လျှက်ရှိသောပြည်သူများအသုံးပြုနိုင်ရေးစီစဉ်ပေးလျှက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်