ကွန်ဟိန်းမြို့၌ အသက် (၆၅)နှစ် နှင့်အထက်သက်ကြီးဘိုးဘွားများ နှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျှက်ရှိ

mdn

ကွန်ဟိန်း        ဩဂုတ် ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ နှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား စုရပ်များခွဲ၍ ထိုးနှံပေးလျှက်ရှိရာ ယနေ့နံနက် ၉နာရီခန့်မှ စတင်၍ စုရပ် ၃ ခုတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စစ်ဗျူဟာအဖွဲ့အခြေချ(ကွန်ဟိန်း)ဆေးတပ်ဖွဲ့ နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အသက် ၆၅ နှစ် နှင့်အထက် ရှိသူများ နှင့် ဦးစားပေးအဆင့် များတွင်ပါဝင်သော အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ၊ သံဃာတော်များ ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ အကျဉ်းသားများ ၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်းများ ၊ဟိုတယ်/မိုတယ် နှင့် တည်းခိုခန်းများရှိဝန်ထမ်းများ ၊ စားသောက်ဆိုင်နှင့်ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့်ဈေးများရှိဝန်ထမ်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အလက(ခွဲ)မ-၁၊ အ-မ-က(၃)ကျောင်းများ၌ ဆေးထိုးစုရပ်များ ထားရှိ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)  စနစ်တကျထိုးနှံပေးခဲ့ ကြောင်း သိရသည်။

 

ကွန်ဟိန်းမြို့နယ်၌ ဇူလိုင်လ  ၃၁ ရက်နေ့ မှ ဩဂုတ်လ ၁ ရက်နေ့အထိ  အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်များတွင်ပါဝင်သူ စုစုပေါင်း  ၃၁၄   ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်သည်။အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ ဦးဝင်းနိုင် ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
                               
 မြို့နယ်(ပြန်/ဆက်)