Aug 2,2021 |06:13 | နေပြည်တော် ဩဂုတ် ၂ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၄၀၆၀) ၊ Test Kit (၅၇၀၀၀) တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးဖြင့် (၁၈) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၄) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၄၂၅၉) ခု၊ နှာခေါင်းစီး (Mask) (၁၂၁) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၁၉) ခု မှ ယာဉ်စီးရေ (၄၁) စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သြဂုတ်လအတွင်း ယာဉ်စီးရေ (၇၇) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၁၁၃) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၁၁) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၅) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၀၅၆၅) ခု၊ Test Kit (၇၂၀၀၀) ၊ နှာခေါင်းစီး (Mask) (၁၆၂) တန်၊ PPE (၉၁၄၅၄)စုံ တင်သွင်း ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ဇူလိုင်လအတွင်း ယာဉ်စီးရေ (၇၄၉) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) (၅၆၇) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆) ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄) ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅) စုံ တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ သတင်းစဉ်