မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်များ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ကျိုက်မရော ဩဂုတ် ၃

                                                      

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ရေဘေးသင့် ပြည်သူများအတွက်  အခြေခံစားသောက်ကုန်များ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရောမြို့၊ ဘုရားကြီးကျောင်းတိုက်တွင် ပေးအပ်ခဲ့သည်။

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စုပြည်သူများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂၄)ပြည်အိတ် (၂၀၀)၊ စားသုံးဆီ (၁၀)ပိဿာပုံး (၃၅)ပုံး၊ PPE ဝတ်စုံများ၊  သောက်ရေသန့်များ၊ Mask Face shield များ၊ ထောက်ပံ့ပေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ အဟာရပြည့် အစားအစာများ ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေအား သွားရောက်ကြည့်ရှု၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)