မင်္ဂလာဒုံမြို့နယ်၌ အောက်ဆီဂျင်အိုးများ နေ့စဉ်အခမဲ့ဖြန့်ဝေ

မင်္ဂလာဒုံ  ဩဂုတ်  ၄

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အောက်ဆီဂျင် လိုအပ်မှုများ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေ့စဉ်အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

 

အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အလိုက် အောက်ဆီဂျင် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်ဖြင့် မင်္ဂလာဒုံမြို့နယ်အတွက် ရရှိသည့် အောက်ဆီဂျင်အိုးများနှင့် မိမိတို့ကော်မတီကို လာရောက်လှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ကြောင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသူများအား အဓိကထား ချိတ်ဆက်ပြီး ပြန်လည်ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

 

မင်္ဂလာဒုံမြို့နယ်အတွင်း အောက်ဆီဂျင်အိုးများကို ဇူလိုင် ၂၁ ရက်မှစ၍ ဖြန့်ဝေ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၄ ရက်အထိ အောက်ဆီဂျင် ၄၀ လီတာအိုး ၃၃၅ လုံးရှိပြီး အိုးအသေး၊ အိုးလတ်နှင့် အိုးအကြီးများဖြင့် ပြန်လည်ကူးပြောင်းဖြည့်တင်းကာ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း  သိရသည်။

 

မင်္ဂလာဒုံ(ပြန်/ဆက်)