ကံမ ဩဂုတ် ၄

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ဩဂုတ် ၁ ရက်မှစတင်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ထိုးနှံပေးလျက်ရှိပြီး ကံမကျန်းမာရေးဌာန၊ ရေနံ့သာတိုက်နယ် ကျန်းမာရေးဌာနခွဲ၊ ကျောက်စောင်းကျန်းမာရေးဌာနခွဲ၊ အင်းဘဲကျန်းမာရေးဌာနခွဲ၊ ကြို့ပင်ကျန်းမာရေးဌာနခွဲနှင့် စစ္စရံကျန်းမာရေးဌာနခွဲတို့တွင် ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ အခြားရောဂါအခံမရှိသူများ၊ သာသနာ့ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးသမားများ၊ ဝန်ထမ်းမိသားစုများနှင့် ဈေးသည်များအား ပထမဦးစားပေးထိုးနှံပေးလျက်ရှိပြီး လူဦးရေ တစ်ထောင်ကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ကာကွယ်ဆေးထိုးနှံရာ၌ ကာကွယ်ဆေးထိုးခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့်သူများ၏ အမည်စာရင်း ဖြည့်သွင်းခြင်း၊  မီးသတ်တပ်ဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား ကူညီဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)