ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များ ပေါက်ပွားမှုမရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းရှိ အမှိုက်များ ရှင်းလင်းခြင်းကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်ရှိ ချောင်းအတွင်းမှ အမှိုက်များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်း စသည့် ချောင်းများနှင့် မြောင်းများကို မိုးရာသီ ကာလတွင် ရေးစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထံမှ သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


