mdn

လားရှိုး           ဩဂုတ် ၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသော ပရဟိတယာဉ်များတွင် စက်သုံးဆီများ အသုံးပြုနိုင်ရေး အတွက် လားရှိုးမြို့ စက်သုံးဆီ အရောင်းဆိုင်များက စက်သုံးဆီ ဂါလန်(၁၁၀၀)လှူဒါန်းခြင်းကို  ယနေ့ နံနက်(၁၁) နာရီအချိန်က သွားရောက်လက်ခံရယူခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် လားရှိုးမြို့ DENKO စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီဂါလန် (၁၀၀၀)အား လည်းကောင်း၊ ပတ္တမြား စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီဂါလံ(၁၀၀)အားလည်းကောင်း စုစုပေါင်း စက်သုံဆီဂါလန် (၁၁၀၀)၊ တန်းဖိုးအားဖြင့် ငွေကျပ်(၅၅)သိန်းအား ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့ဝင် ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ 
                                                
ခရိုင် ပြန်/ဆက်