နေပြည်တော် ဩဂုတ် ၅
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို တိုင်းဒေသသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်း လျက်ရှိသည်။ ။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) သို့ အောက်ဆီဂျင်အိုး ၄၀ ကို လည်းကောင်း၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) ခင်ချိုမြို့၊ နမ္မတူမြို့ နှင့် ကျောက်မဲမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်။ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်အိုး နှစ်လုံး၊ Flow Meter သုံးခု၊ Mask ၄၃၀၀၀၊ PPE ဝတ်စုံ ၃၀၅ စုံ၊ လက်သန့်ဆေးရည်ဘူး ၁၂၀၊ လက်အိတ်အစုံ ၁၀၀၊ အရက်ပြန် ၅၆ လုံးနှင့် ဆေးဖျန်းပုံးခြောက်ပုံး၊ လားရှိုးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသော ပရဟိတအဖွဲ့များနှင့် လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးသော အသင်း(Swat Team)တို့ကို Mask ၉၂၀၀၊ PPE ဝတ်စုံ ၇၈၀ နှင့် လက်သန့်ဆေးရည်ဘူး ၁၂၀၊ လက်အိတ် အစုံ ၁၃၀၀၊ Face Shield ၄၈၀၊ ခေါင်းစွပ် ၂၀ ၊ Oximeter ၁၀ ခု၊ ပိုးသတ်ဆေးရည် ၁၃ လုံးနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၊ ပန်းတနော် မြို့၊ ဓနုဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတ အသင်းများသို့ Oxygen Flow Meter ၃၅ ခုနှင့် အောက်ဆီဂျင်အိုး ၁၈၆ လုံးတို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး သို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ် သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စေတနာရှင်အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ငွေကျပ်သိန်း ၂၄၀၊ အောက်ဆီဂျင်အိုး အလုံး ၂၀၊ Mask ၆၂၅၀၀ ၊ လက်ဆေးဆပ်ပြာဘူး ၇၀၊ သာမိုမီတာ အခု ၃၀၊ ကိုဗစ်-၁၉ Test Kit ၂၅၀ နှင့် ကိုဗစ် -၁၉ ကုသဆေးမျိုးစုံ ၁၉၂၀၀ တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တုံ့ပြန်နိုင်ရေးတို့အတွက် တာချီလိတ်မြို့ရှိ စံလင်းဖြိုးကုမ္ပဏီက ထိုင်းဘတ်ငွေ ၂၂၈၅၀၀ တန်ဖိုးရှိ Mask ၁ သိန်း၊ PPE ဝတ်စုံ ၅၀၀၊ လက်အိတ်ဘူး ၁၀၀၊ တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ဝမ်လုံးကိုဗစ်စင်တာ တည်ဆောက်ရန်အတွက် ထိုင်း ဘတ်ငွေ ၂ သိန်း၊ မယ်ခေါင်ရပ်ကွက်ရှိ စေတနာ အလှူရှင်များက ထိုင်းဘတ်ငွေ ၂၀၀၀၊ ကြီးမြတ်သော ရွှေမြင်းဆောက်လုပ်ရေးကုမ္ပဏီက ဝမ်လုံး ကိုဗစ်စင်တာတွင် ရေပိုက်လိုင်းစနစ် တည်ဆောက် ရန်အတွက် ထိုင်းဘတ်ငွေ ၁ သိန်းနှင့် အိပ်မက်ရွာ ဆောက်လုပ်ရေးကုမ္ပဏီက ထိုင်းဘတ်ငွေ ၁ သိန်း တို့ကိုလည်ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဗိုလ်မှူးချုပ်ထွန်းသန်း (အငြိမ်းစား) မိသားစုက အလှူငွေကျပ် ၁၅ သိန်း၊ အလုပ်သင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) မှ ကျောင်းဆင်းအရာရှိများက အလှူငွေကျပ် ၅ သိန်းနှင့် ဦးမြတ်မင်းဇော် မိသားစုက Oxygen Flow Meter သုံးခုတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ငွေကျပ်သိန်း ၃၀၀၀ ကျော်ကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က လက်ခံရယူကြသည်။ ။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကိုတိုးမြှင့် တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တပ်ဆင် ထားသော အောက်ဆီဂျင် ထုတ်လုပ်နေမှု၊ အောက်ဆီဂျင်ဖြန့်ဖြူးပေးနေမှုများနှင့် ကျောက်တန်းစက်ရုံစုရှိ သံလွင်အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက် ကမ်းနားလမ်းရှိ အောက်ဆီဂျင်စက်ရုံနှင့် မြောင်းမြမြို့ မြကန်သာရပ်ကွက်ရှိ အောက်ဆီဂျင် စက်ရုံ တည်ဆောက်နေသည့် အခြေအနေများကို လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်