တနင်္သာရီ    ဩဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း  ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် ရောဂါကူးစက်မှုနှုန်းမြင့်တက်နေပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်သူများကို ထားရှိရန် Quarantine Centre အခက်အခဲရှိလာနိုင်ခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ  မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဈေးရောင်းချသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ထုတ်ပြန်ချက်များနှင့်အညီ ဩဂုတ် ၆ရက်မှ ၁၂ရက် ကာလအတွင်း နေ့တစ်ဝက်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ဈေးရောင်းချသူများသည် တတ်နိုင်သမျှ ခြောက်ပေခွာ၍ ပါးစပ်နှင့် နှာခေါင်းစည်း Mask/ Face Shield တပ်ဆင်ပြီးမှ ဈေးရောင်း ဈေးဝယ်ပြုရန်၊ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ကုန်ခြောက်၊ မုန့်မျိုးစုံ၊ အသားငါး၊ ဟင်းသီးဟင်ရွက်ရောင်းချသူများနှင့်
မြို့နယ်အတွင်း နေအိမ်များတွင် ရောင်းချလျက်ရှိသော အထည်ဆိုင်၊ အလှကုန်ဆိုင်၊ ကုန်မာဆိုင်၊
ရွှေဆိုင်မျာအား နံနက် ၅ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိသာ ရောင်းချရန်၊ မြို့နယ်အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကွမ်းယာဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဩဂုတ် ၅ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ထုတ်ဝေဖြန့်ချိထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျာ်စိုးအောင်ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)