ကော့သောင်း     သြဂုတ်    ၆

ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စ အခက်အခဲများ တစ်စိတ်တစ်ဒေသ အဆင်ပြေစေရန် ရည်ရွယ်ကာ မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များအား ဩဂုတ် ၅ ရက်က ကြက်ဥနှင့် ခေါက်ဆွဲခြောက် များကို မြို့ပေါ်ရပ်ကွက်လမ်းများ၌ ရွှေ့လျားစနစ်ဖြင့် လိုက်လံထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပရဟိတအဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်း ကုမ္ပဏီများ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ၏ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်စိတ်တစ်ဒေသ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း၊ ထောက်ပံ့မှုအဖြစ် ကြက်ဥအလုံး ၅၅၀၀နှင့် အသင့်စားခေါက်ဆွဲခြောက်ထုပ်များကို သီရိမြိုင်၊ အေးမြကန်သာ၊ အောင်သုခ၊ ရွှေမင်းဝံ၊ ပိတောက်ရွှေဝါ၊ ဘုရင့်နောင်၊ အဏ္ဏဝါရပ်ကွက်များရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ ခေါင်းရွက်ဗျက်ထိုးဈ ေးသည်များအား လူစုလူဝေးမဖြစ်ပေါ်စေရန် မိုဘိုင်းပုံသဏ္ဍန်ဖြင့် လိုက်လံဝေငှပေးခြင်းဖြစ်ကြောင်းပရဟိတအဖွဲ့ခေါင်းဆောင် ဦးမိုးတိမ်၏ ပြောပြချက်အရ သိရသည်။ 

ကျော်စိုး(ကော့သောင်း)