ကံမ    ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံသည် မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် ဩဂုတ် ၆ ရက် နံနက် ၉ နာရီတွင် ကန်ရေပြည့် အမှတ်ထက် ၂ ပေ ၆ လက်မ ကျော်လျက်ရှိပြီး ရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိကြောင်း၊  ကန်ရေပြည့်အမှတ်မှာ ၄၃၄ ပေဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိမှုမရှိသေးကြောင်း သိရသည်။  
                                                              
မဒေးရေလှောင်တမံမှ တမံရေထုတ်ပြွန်ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ အားလုံးကြံ့ခိုင် ကောင်းမွန်ကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကြို့ပင်ကျေးရွာ၊ စီကျေးရွာ၊ ပျဉ်ထောင်ကျေးရွာ တမံရေပိုလွှဲနှင့် ဝီရာတို့တွင် ရေလှောင်တမံမှ ရေကျော်နေကြောင်း သတိပေးအလံ အစိမ်းရောင်များ စိုက်ထူ၍ အသိပေး ဆောင်ရွက်ထားရှိကြောင်း၊ မဒေးတမံအခြေအနေနှင့်ပတ်သက်၍ လတ်တလောတွင် စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်းနှင့် စိုးရိမ်ဖွယ်အခြေအနေများရှိလာပါက အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန မဒေးဆည်တာဝန်ခံ အင်ဂျင်နီယာ ဦးကိုကိုဦး ထံမှသိရသည်။

ကျော်ဇေယျဝင်း(ကံမ)