မင်းလှ ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ဒုတိယလှိုင်း၌ ရောဂါကူးစက်ခံရသူ ၂၅၀ အား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်၊ မြို့နယ်အတွင်း ကာကွယ်ဆေးများကို ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ရောဂါကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram ကို မဖြစ်မနေထိုးကြရန် မှာကြားသည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာ ၆၆ အုပ်စုအတွင်း ကိုဗစ်ဒုတိယလှိုင်း၌ ရောဂါ ကူးစက်ခံရသူ ၂၅၀ အတွက် ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်အိတ် ၁၄၅ အိတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ပေးအပ်ခဲ့သည်။
ပေါက်စ (မင်းလှ)


