သုံးခွ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ သုံးခွမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ကရုဏာစံအိမ် လူမှု/နာမှုကူညီရေးအဖွဲ့၊ သုံးခွမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း၊ အမှတ်(၅)ရပ်ကွက် အောက်ဆီဂျင် ကူညီရှာဖွေပေးရေးအဖွဲ့တို့အား တစ်ဖွဲ့လျှင် အလှူငွေကျပ် ငါးသိန်းစီဖြင့် အဖွဲ့လေးဖွဲသို့ စုစုပေါင်း ငွေကျပ် သိန်း ၂၀ အား ကိုရီးယားရောက် သုံးခွသားများအဖွဲ့ကိုယ်စား သုံးခွမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်က သြဂုတ် ၅ ရက်က လိုက်လံလှူဒါန်းပေးခဲ့ရာ အဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)


