နွားထိုးကြီး ဩဂုတ်

 

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မြို့မဇုန်အတွင်းရှိ ရပ်ကွက် () ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သက်ကြီးရွယ်အို ၁၆၄၀ ဦးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

နွားထိုးကြီးမြို့နယ်အတွင်း၌ ဇုန်နေရာ () နေရာခွဲ၍ မြို့မ၊ ရွာကြီး၊ ဝက်လူး၊ ပြင်စည်နှင့် ကန်နားဇုန်တို့တွင် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများကို ဒုတိယအသုတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ကန်နားအုပ်စု၊ ပြင်စည်အုပ်စု၊ ဝက်လူးအုပ်စုတို့တွင် ထိုးနှံပေးမည် ဖြစ်သည်။ ကာကွယ်ဆေးအလုံးရေ ၁၂၇၀ ရရှိပြီး လူဦးရေ ၂၄၀၀ ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအသုတ် ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများကိုလည်း ဦးစားပေး အုပ်စုဇုန်အလိုက် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

 

သန်းအောင်ဇော် (ပြန်/ဆက်)