ဇလွန် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အောက်ဆီဂျင် လိုအပ်နေသော လူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အလှူရှင်များ စုပေါင်းမတည်လှူဒါန်းသော အောက်ဆီဂျင် ဖြည့်တင်းစက်သည် ယနေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ ရောက်ရှိခဲ့ပြီး အောက်ဆီဂျင်စက် နေရာချထားမှုအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါအောက်ဆီဂျင်စက်သည် ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးဘေး ဗိုလ်ချုပ်လမ်း Lucky Point တွင် ထားရှိပြီး (20Nm3) အမျိုးအစားဖြစ်ကြောင်း၊ တစ်နေ့တာ အောက်ဆီဂျင်ထွက်ရှိမှုမှာ 15L အိုး ၂၀၀ မှ ၂၀၀ ခန့် ထွက်ရှိမည်ပြီး ထွက်ရှိလာသော အောက်ဆီဂျင်ကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ ဇလွန်(ပြန်/ဆက်)