ငါးသိုင်းချောင်း၊ ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန် သက်ဆိုင်ရာက ညွှန်ကြားချက် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေးနှင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းသုံးပစ္စည်းနှင့် ဆေးဝါးများ ရောင်းချပေးနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


