လပွတ္တာ  သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် (၁၀) နာရီက လပွတ္တာခရိုင်၊ ၃ မိုင်မြို့သစ်ရှိ ဆရာတော်များဦးဆောင်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေများအား ကြည်ရှုခဲ့ရာ စက်ရုံတည်ဆောက်နေမှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဌေးက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ညွှန်ကြားခဲ့သည်။

 

ထိုမှတစ်ဆင့် လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ သိပ္ပံနည်းကျ စိုက်ခင်းစနစ် စံပြကွက်သို့ ရောက်ရှိကာ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က ပေါ်ဆန်းရင်၊ ပေါ်ဆန်းကြီး၊ ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း တို့၏ ဆန်အရည်အသွေး၊ စားသုံးမှု အရည်အသွေးများကို နှိုင်းယှဉ်ရှင်းပြခဲ့ပြီး ဓာတ်မြေသြဇာကြီးမြှင့်မှုကို အစားထိုးဆောင်ရွက်နိုင်ရန် ယူရီးယားဓာတ်မြေသြဇာ () သဘာဝဓာတ်မြသြဇာ () ဆကို တစ်ညသိပ်ရောနှောပြီး စိုက်ခင်းများကို ပက်ကြဲခြင်းအားဖြင့် ယူရီးယားမြေသြဇာ၏ ပါဝင်မှုများကို အများဆုံး အပင်များမှ စားသုံးနိုင်မည်ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များ ညွှန်ကြားခဲ့သည်။

 

ဆက်လက်၍ လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်းတွင် ဆေးသိုလှောင်ရုံနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးမှုကိုကြည့်ရှုကာ အလှူငွေနှင့် PPE ဝတ်စုံ (၁၀၀) တို့ကို လှူဒါန်းခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လပွတ္တလုတ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာရှိ ရှင်စောမြတ်စေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညိုခြင်း၊ ဘုရားလောင်းဝေသံမဏ္ဍပ်အတွင်း မဟာပဌာန်းပူဇော်လျက်ရှိသည့် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြောင်းမြမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

 

ယောဧရာ(ခရိုင် ပြန်/ဆက်)