ကော့ကရိတ် သြဂုတ် ၇

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများသည် မြဝတီမြို့မှတစ်ဆင့်  ဘုန်းပွင့်စံ မော်တော်ယာဉ်လိုင်းဖြင့် ယနေ့ မွန်းတည့် ၁၂ နာရီက ကော့ကရိတ်မြို့သို့ ရောက်ရှိလာရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက် မြို့မအားကစားကွင်းတွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

 

ထိုသို့ လက်ခံကြိုဆိုရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် (၂၃) ဦးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် စည်းကမ်းချက်များနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ နေရပ်ပြန် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့အား သက်ဆိုင်ရာ ရပ်ကွပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများက လာရောက်ခေါ်ဆောင်သွားပြီး ၎င်းတို့ဒေသအသီးသီးရှိ Quarantine Centre များတွင် (၁၄) ရက်ကြာ နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

 

စောအောင်မျိုးလွင် (ပြန်/ဆက်)

 

mdn