မြဝတီ သြဂုတ်

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်() ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို သြဂုတ် ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၃ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။

 

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများမှ မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ချက်ခြင်းစစ်ဆေးပေးမည်ဖြစ်ကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာတွင် ကုသမှုခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိသူများအား ကျောက်လုံးကြီး Quarantine စခန်းတွင် (၁၀) ရက် ကန့်သတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

အခြားသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ နေရပ်ပြန်အား သီးသန့်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့်ခြင်းတို့အား  သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ယနေ့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၉၁ ဦး စုစုပေါင်း ၂၀၃ ဦးရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်