မော်လမြိုင်ကျွန်း၊ ဩဂုတ် ၇
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် Mask နှင့် ဆေးဝါးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမင်းဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း Mask နှင့် ဆေးဝါးဆက်စပ်ပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေးအတွက် မြို့မဈေး၊ အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေးနှင့် မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


