နေပြည်တော် ဩဂုတ် ၇

 

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ရက်များအတွင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသ များမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၅၀၇) ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် အရည်(Bowser) ယာဉ်(၄)စီးဖြင့် (၇၄)တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၇)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) (၉)တန်၊ အောက်ဆီဂျင်(အိုးခွံ)(၈၄၂၂) ခု၊ Oxygen Plant (၁)ခု၊  အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) အခု (၄၀၉၀) ၊ PPE အစုံ (၄၉၀၃၀) နှင့် နှာခေါင်းစီး (Mask) (၆၇) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို ကုမ္ပဏီ (၄၂) ခု မှ ယာဉ်စီးရေ (၇၉) စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၄၂၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၃၉၈) တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) (၅၁)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့် (၆၂)တန်၊ အောက်ဆီ ဂျင် (အိုးခွံ) (၄၇၈၈၀) ခု၊ Oxygen Plant (၆)ခု၊ အောက်ဆီဂျင်(Generator) (၉)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၄၂၁၈၉)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၂၈၀၉၃၂)စုံ၊ လက်အိတ် (၃၉)တန်နှင့် နှာခေါင်းစီး (Mask) (၅၆၉) တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၇၂၇)တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက် လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေးကြေညာချက် များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)