တောင်သာ ဩဂုတ် ၇
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ Oxygen Plan စက်ရုံ တည်ဆောက်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ယနေ့ နံနက် ၉ နာရီက ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌ ဦးဟန်သူရနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Oxygen Plan စက်ရုံတည်ဆောက်ပြီးပါက တစ်နေ့လျှင် အောက်ဆီဂျင် (၄၀)လီတာဆံ့၊ အိုးအလုံးပေါင်း (၈၀)ကျော်ထွက်ရှိမည်ဖြစ်ရာ ပြည်သူများအား အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)


