ကံမ ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့်  မင်းတုန်းချောင်းရေမြင့်တက်ပြီး  ချောင်းဘေးဝဲယာတစ်လျှောက် မြေနုကိုင်းမြေများပေါ်တွင် စိုက်ပျိုးထားသည့်         သီးနှံစိုက်ခင်း ၂၆၆၂ ဧက ရေဝင်နစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ချောင်းရေမြင့်တက်မှုကြောင့်  ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ခင်းများမှာ စပါး ၇၂ ဧက၊  နှမ်း ၁၀၃၅ ဧက၊ ပဲတီစိမ်း ၁၄၁၁ ဧကနှင့် မြေပဲ ၁၄၄ ဧက စုစုပေါင်း ၂၆၆၂ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း   မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စားရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)