ကျောက်ဆည်  ဩဂုတ်  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသားလူမှူရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်အရ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၄၉)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယသုံးလပတ်အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၇)အုပ်စုမှ သက်ကြီးဘိုးဘွား (၁၁၄၉)ဦးအား ထောက်ပံ့ပေးအပ်နိုင်ရေး စုစုပေါင်း ငွေကျပ်(၃၄၄၇၀၀၀၀)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့် စာရေးဝန်ထမ်းများမှ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး