မြင်းမူ ဩဂုတ် ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်လာပါက   ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများကို လျှင်မြန်စွာ တုံ့ပြန်ရှာဖွေကယ်ဆယ်နိုင်ရေး အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခြင်းကို       ဩဂုတ် ၇ ရက်က မြို့နယ်မီးသတ်စခန်းနှင့် ဧရာဝတီမြစ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“အချိန်ရာသီမရွေး ကျရောက်တတ်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို အချိန်တိုအတွင်း ရှာဖွေကယ်ဆယ် တုံ့ပြန်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့အနေဖြင့် ခေတ်မီကယ်ဆယ်ရေးသုံး စက်ပစ္စည်း များဖြင့် လေ့ကျင့်လျက်ရှိကြောင်း၊ ယခုအချိန်သည် မိုးတွင်းကာလဖြစ်သည်နှင့်အညီ ရေကြီးရေလျှံခြင်းနှင့် အတူ မြေပြိုခြင်းများဖြစ်ပွားတတ်သောကြောင့် ရေဘေးအန္တရာယ်ကျရောက်မှုကို ကယ်ဆယ်တုံ့ပြန်နိုင်ရေး အတွက်   ကယ်ဆယ်ရေး သုံးပစ္စည်းများနှင့်အတူ ဖိုင်ဘာလှေကိုအသုံးပြုကာ ဧရာဝတီမြစ်အတွင်း လက်တွေ့ လေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း”  မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်ထံမှ သိရသည်။

 

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ မြို့နယ်အတွင်းဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးဖြစ်စဉ်များကို ပြည်သူများထံသို့ အချိန်မီအသိပေး နိုးဆော်ခြင်းအပြင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီပစ္စည်းများဖြင့် အဆက်မပြတ် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ (ပြန်/ဆက်)