ဆိပ်ဖြူ သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်ဆီဂျင် ၄၀ လီတာအိုး ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ဩဂုတ် ၇ ရက် မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်အေးက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်နှင့် တာဝန်ရှိသူများထံ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Cylinder 40L (၁၀)လုံးနှင့် Regulator ဆက်စပ် ပစ္စည်းများအား ကိုဗစ်-၁၉ လူနာများနှင့် ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်နေသည့် လူနာများအတွက် အရေးပေါ်အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)


