လားရှိုး  ဩဂုတ် ၈

လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့  မွန်းလွဲ ၁ နာရီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အခက်အခဲများကြားမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ သူနာပြုများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် သူနာပြုဆရာမကြီးများမှ လက်ခံရယူပေးခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဆန် (၃၄)အိတ်၊ ကြက်သွန်နီ (၃၀၀)ပိဿာ၊ ခေါက်ဆွဲခြောက် (၄၀၀) ထုပ်၊ စားသုံးဆီ (၂၀၀)ပိဿာ၊ ကြက်ဥ (၂၀၀၀)လုံး၊ ရေသန့် (၅၀)ကတ်၊ Royal-D (၃၄)ကတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဥမ္မာချို(ပြန်/ဆက်)