မုဒုံ   သြဂုတ်    ၈

 

မွန်ပြည်နယ် မုဒုံမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီသို့ အလှူငွေများလှူဒါန်း လျက်ရှိရာ သြဂုတ် ၇ ရက်က အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များမှ ငွေကျပ် (၅၅၈၀၀၀၀) ကျပ်ကို လာရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့ လှူဒါန်းရာတွင် ဝင်းစိန်တောရကျောင်း နာယကဆရာတော် ဘဒ္ဒန္တ သောဟုလာ(ခ) ဦးဇင်းလေးက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာအသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံကို မုဒုံမြို့ ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ မြေနေရာ ပေ(၆၀×၈၀)၌ စက်ရုံတည်ဆောက်လျက်ရှိရာ သြဂုတ်လကုန်ပိုင်းတွင် အောက်ဆီဂျင်စက်ရောက်ရှိမည်ဖြစ်ပြီး စက်ရုံပြီးစီး ပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၂၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)