မော်လမြိုင် ဩဂုတ် ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာ၌ ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေစုစုပေါင်းကျပ် ၄၇၄ ဒသမ ၉၅၉ သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်းများ အားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဉီးအေးနိုင်ထံမှ သိရသည်။
ထိုသို့ မော်လမြိုင်ခရိုင်ရှိ မြို့နယ်ခြောက်မြို့နယ်အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့နယ်၌ ကျေးရွာ ငါးရွာ၊ မုဒုံမြို့နယ်၌ ကျေးရွာ ၁၂ ရွာ၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာ ၁၂ ရွာ၊ ကျိုက်မရောမြို့နယ်၌ ကျေးရွာနှစ်ရွာ၊ ချောင်းဆုံမြို့နယ်၌ ကျေးရွာခုနစ်ရွာ၊ ရေးမြို့နယ်၌ ကျေးရွာငါးရွာ စုစုပေါင်းကျေး ရွာ ၄၃ ရွာ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၀ သန်းစီနှင့် ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်းအားလုံးကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မော်လမြိုင် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောကြား သည်။
အဆိုပါကျေးရွာ ၄၃ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်ကျေးရွာအဝင်နှင့် ကျေးရွာအတွင်း လမ်း ၃၃ လမ်း၊ တံတားနှစ်စင်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းငါးခု၊ စာသင်ကျောင်းလုပ်ငန်း တစ်ခုနှင့် အခြားလုပ်ငန်းငါးခု စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၄၆ ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သန်း ၄၃၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၉၅၉ သန်း စုစုပေါင်း ငွေကျပ် ၄၇၄ ဒသမ ၉၅၉ သန်းဖြင့် အဆိုပါ ကျေးရွာများမှ ပြည်သူများကိုယ်တိုင်အကောင် အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဦးအေးနိုင်က ထပ်မံပြောဆိုသည်။
ယင်းသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် မော်လမြိုင်ခရိုင်အတွင်း ကျေးရွာ ၄၃ ရွာရှိ ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။
မြင့်ဉီး(မြိတ်)


