ဟားခါး ဩဂုတ် ၉
ချင်းပြည်နယ်အတွင်းရှိ ဟားခါး မြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်များအတွက် ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ၂၅၆၅ လုံးကို ဩဂုတ် ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က ဟားခါး မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကလေးမြို့မှ သယ်ယူလာခြင်းဖြစ်ပြီး ဟားခါးမြို့နယ်အတွက် ၈၄၁ လုံး၊ ထန်တလန်မြို့နယ် အတွက် ၈၁၆လုံး၊ မတူပီမြို့နယ်အတွက် ၉၀၈ လုံး စုစုပေါင်း ၂၅၆၅ လုံး ဖြစ်ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ တစ်လုံးလျှင် နှစ်ဦးထိုးနှံနိုင် ကြောင်း(1 vial = 2 doses )၊ ကာကွယ်ဆေးများကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဆေးရုံရှိ ဆေးသိုလှောင်ရုံ (အအေးခန်း)၌ သိမ်းဆည်း သိုလှောင်ထားရှိကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်များသို့ ဆက်လက်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


