နတ်မောက် သြဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) RCC(၃)ထပ်တည်ဆောက်နေမှု ကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်၊ မကွေးခရိုင်၊ ဦးစီး အရာရှိ ဦးမျိုးမောင်မောင်ကျော် ၊ မြို့နယ် ပြန်/ဆက် တာဝန်ခံ ဒေါ်ဝင်းမေထွန်း၊ မြို့နယ်လျှပ်စစ်မှူး၊ မြို့နယ်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ တို့က အဆောက်အအုံအား အရည်အသွေးပြည့်မီပြီး သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးကြည့်ရှုဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC(၃)ထပ်တည်ဆောက်ခြင်း ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်ချိန်တွင် အချိန်မီ ပြီးစီးရေးဆောင်ရွက်လျက် ရှိပြီး တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် အဆောက်အအုံတစ်ခုလုံးကို ၄၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာဝန်ခံထံမှ သိရသည်။
ဖြိုးအိအိဇော်(နတ်မောက်)


