mdn

မြင်းမူ  ဩဂုတ် ၉

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်ပိုင်တစ်နိုင်   စားဖိုချောင်သုံးဟင်းသီး/ဟင်းရွက် ကိုယ်တိုင်စိုက်ပျိုးရောင်းချလျှက်ရှိသည့် မိသားစုမှာ ပုံမှန်ဝင်ငွေရရှိလျှက်ရှိကြောင်းသိရှိရသည်။

 

မိသားစုအနေနဲ့ စားဖိုချောင်သုံး အသီး/အရွက်များကို ရာသီအလိုက် နှစ်ပတ်လည် စိုက်ပျိုးရောင်းချလျှက်ရှိပါကြောင်း၊ ခုနောက်ပိုင်း ကိုဗစ်ကာလဖြစ်တော့  ခြံကိုဖောက်သည် လာရောက်ဝယ်ယူသူတွေများလာကြောင်း၊ ဈေးကိုလည်းထက်ဝက်လျှော့ပြီးဖောက်သည်တွေကိုရောင်းပေးလျှက်ရှိကြောင်း၊   ဖောက်သည်တွေကတစ်ဆင့်   မော်တော်ကား၊   ဆိုင်ကယ်၊  စက်ဘီးများဖြင့်ရပ်ကွက်များ၊ ရွာများကိုတစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ ခြံအတွင်းစားဖိုချောင်သုံး အသီးအရွက်(၁၀)မျိုးကျော်စိုက်ပျိုးထားပြီး  ရောင်းချလျှက်ရှိရာ  နေ့စဉ်ငွေကျပ် ၂၅၀၀၀ ကျော်ဝင်ငွေရရှိကြောင်း ခြံပိုင်ရှင်ဦးစိန်ဝင်းထံမှသိရှိရသည်။

 

မီးဖိုချောင်သုံး အသီး/အရွက်များဖြစ်သည့်   ကန်စွန်း၊   ချဉ်ပေါင်၊   ငရုပ်သီးစိမ်း၊   နံနံပင်ခရမ်းသီး၊ ပူဒီနံ၊ ရုံးပတေသီး၊ ကိုက်လံနှင် ဇလတ်ပင်များအပြင် စားသောက်ဆိုင်များမှအများဆုံးဝယ်ယူပြီး ဈေးကောင်းရရှိသည့် အိုးမုန့်ညှင်း၊ မုံ့ညှင်းဖြူ၊ မုန့်ညှင်းချိုပင်များကို  စိုက်ပျိုးရောင်းချလျှက်ရှိကြောင်းသိရှိရသည်။
 
အောင်စိုးဖေ(မြင်းမူ)