ဗန်းမောက် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ခမိုးေကျးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာခွဲရီက ကျေးလက်ခန်းမ၌ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် သက်ကြီး ရွယ်အိုများနှင့် အသက်(၁၈)နှစ်နှင့်အထက်များကိုလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင် ချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးရန် လာရောက်သူများအား စိစစ်၍ မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ဆေး၏ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မိနစ် ၃၀ ခန့် စောင့်ကြပ်ကြည့်ရှု ပေးခြင်းကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်း ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကိုထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့ထိ ကာကွယ်ဆေးထိုးပြီးသူပေါင် (၃၀၀၀) ကျော်ရှိပြီး ယခုကာကွယ်ဆေးကို တစ်ကြိမ်မှ မထိုးရသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)


