အောင်လံ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ (မြို့ပေါ်နေပြည်သူ)၊ သမ္ဘူလတိုက်နယ်စုရပ် ၊ ရွှေပန်းတောတိုက်နယ်အုပ်စု၊ ကျောက်ပန်းတောင်းအုပ်စု၊ ပြလို့တိုက်နယ်အုပ်စု၊ ညောင်ပင်ဆိပ်တိုက်နယ်အုပ်စု၊ စခန်းကြီးစုရပ်နှင့် ရေနံကြီးတိုက်နယ်စုရပ် စုစုပေါင်း(၈)နေရာခွဲ၍ ဩဂုတ်(၁)ရက်မှ (၈)ရက်အထိ အောင်လံမြို့နယ်အနေဖြင့် ဆေးပုလင်း အရေအတွက် (၃၀၅၀) လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ(၆၁၀၀) အား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
မျိုးသိန်း(ပြန်/ဆက်)


