mdn

ထန်းတပင် ဩဂုတ် ၉ 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် သြဂုတ်(၈)ရက် မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် PPE Level-2 ဝတ်စုံများကို အလှူရှင်တစ်ဦးမှ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

ထို့သို့ လှူဒါန်းရာတွင် အလှူရှင် ဦးဝင်းရွှေနှင့်ဇနီးဒေါ်စန္ဒာဝင်း(အောင်ချမ်းမြေ့လယ်ယာသုံး စက်ပစ္စည်းနှင့်စိုက်ပျိုးရေးပစ္စည်းမျိုးစုံရောင်းဝယ်ရေး) မိသားစုတို့က ကိုဗစ်-၁၉ရောဂါကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် PPE Level-2ဝတ်စုံ(၃ဝ)ကို မြို့နယ် ပြည်သူ့ဆေးရုံမှတာဝန်ရှိသူတစ်ဦးထံသို့သို့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)