ရှားတော၊ ဩဂုတ် ၉ 

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ကို မြို့နယ်ပြည်သူ့ဆေးရုံ၊ မြရတနာ(စလောင်းစုစည်း)ဘုန်းကြီးကျောင်း နှင့် ပွန်ချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။ 

မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံမှုများလေလေ ရောဂါကူးစက်ခံရမှု လျော့နည်းလေလေ ဖြစ်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေး နည်းလမ်းများအတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်နှင့် ဌာနဆိုင်ရာ များ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)