ဖြူး - ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံအား မိုးရွာသွန်မှုကြောင့် ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့်ရေလှောင်တမံခိုင်နိုင်ရည် ရှိစေရန် ဆောင်ရွက်သွားရမည့် အခြေအနေများကို ဩဂုတ်(၉)ရက် နံနက်(၉)နာရီက ဖြူးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန် ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ရှိ ငမြွေချောင်းရေလှောင်တမံအား (၁၉၉၈)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ဆည်ရေ သောက်ဧရိယာ ဧက (၁၀၀၀) ရေပေးဝေနိုင်ပြီး ပင်မတမံအလျား ပေ (၈၀၀) ၊ ရေဆင်းဧရိယာ (၃.၆၃) စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန်(၇၆.၈၅)လက်မ၊ ကန်ရေသေရေလှောင်ပမာဏ ဧကပေ (၅၃၀) ၊ နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ဧကပေ (၁၂၆၅၀) ၊ ကန်ရေပြည့်ရေလှောင်ပမာဏဧကပေ (၂၃၈၀) ၊ ကန်ရေပြည့်ရေပြင်ကျယ်ဧရိအမှတ်ထက် (၇) လက်မကြောျရှိရာ စိုးရိမ်မှုအခြေအနေမရှိကြောင်း သိရသည်။
အဆိုပါဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ရေဆင်းဧရိယာနှင့် ရေပိုလွှဲနိုင်မှုအခြေအနေ၊ မိုးရွာသွန်းမှုနှင့်မိုးရေချိန်လက်မ အခြေ အနေ၊ တမံအတွင်းရေဝင်ရောက်မှု ပမာဏအထက် ကျော်လွန်မှုအခြေအနေများကို စစ်ဆေးခဲ့ရာ ဖြူးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငမြွေရေလှောင်တမံ၏ အခြေအနေ များကို ရှင်းလင်းပေးခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေရှိလာပါက ဆောင်ရွက်သွားရမည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
နေမျိုးလွင်(ဖြူးပြန်/ဆက်)


