mdn

မောက်မယ်         သြဂုတ်  ၉

COVIDE-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ချိုချိုလွင်တို့က မောက်မယ်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား  ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ထောက်ပံ့ရန်ကျန်ရှိသည့် မသန်စွမ်းသူ များ(၇၆)ဦးအတွက် တစ်ဦးလျင်ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၂၂၈၀၀၀ဝ) အား တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်လက်ထောက်ပံ့ နိုင်ရန် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)