ရေစကြို သြဂုတ် ၁၁
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သြဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ အောင်သာကျေးရွာ၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယား ကျေးရွာတို့မှ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၁၆ လုံး၊ အိမ်ထောင်စု ၁၆ စု၊ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၇၉ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။
မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၆ လုံး ဖျက်သိမ်းခဲ့ရသည့်အတွက် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၂၀၀၀၀၀ဝ ခန့် ရှိကြောင်းနှင့် အဆိုပါ နေအိမ်များမှ အိမ်ထောင်စုတစ်စုလျှင် ၁ သိန်း၊ ဆန်ရိက္ခာ ထောက်ပံ့ငွေ တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တစ်ပတ်စာ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းအိစံနှင့် ရေစကြိုမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင်မာနွယ်တို့က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နော်နော်(ချင်းတွင်းသား)


