မိုးမိတ်  ဩဂုတ်            ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၁ ရက်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာနေအိမ်နှင့် အနီးဝန်းကျင်များအား ပိုးသတ်ဆေးဖျန်းခြင်း၊ ဘာသာရေးကျောင်းများအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် နေ့စဉ် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မိုးမိတ်သား(ပြန်/ဆက်)