မုံရွာ သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၄၀ လီတာဆံ့ အရည်ပါပြီး အောက်ဆီဂျင်အိုး အလုံး ၂၀၀နှင့် Flow Meter အခု ၂၀၀ ထပ်မံရောက်ရှိမှုအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများ၊ စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများ၊ နယ်မြေခံ တပ်မတော်ဆေးအဖွဲ့များနှင့် တပ်မတော်သားများ၊ စေတနာရှင် အလှူရှင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တွင် တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များသို့ ဇူလိုင် ၂၂ ရက်မှ စတင်ပြီး အောက်စီဂျင်အိုး အလုံး ၉၀၀ ကို ဖြန့်ဝေးပေးထားပြီးဖြစ်ကြောင်းနှင့် ထပ်မံရောက်ရှိသော ၄၀ လီတာဆံ့ အရည်ပါပြီး အောက်ဆီဂျင်အိုး အလုံး ၂၀၀ နှင့် Flow Meter အခု ၂၀၀ ကိုလည်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်လက်ဖြန့်ဝေပေးသွာမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


