စစ်ကိုင်း           ဩဂုတ်   ၁၁

 

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးသည် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မင်းကွန်းတောင်ရိုးရှိ သံဃာတော်၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကြွရောက်အားပေးတော်မူခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးများထိုးနှံရာတွင် မင်းကွန်း-မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၊ ဓမ္မပါလဓမ္မာရုံနှင့် ဓမ္မနာဒကျောင်းတိုက်ရှိ တိပိဋကဇီဝိတဒါနသံဃဆေးခန်းများတွင် စုရပ်သုံးနေရာခွဲ၍ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက သံဃာတော်၊ သီလရှင်အပါး ၁၃၀၀ အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

 

မင်းကွန်းတောင်ရိုးရှိ သံဃာတော်၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ သီတဂူ ဆရာတော်ကြီးနှင့်အတူ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကလည်း လိုက်ပါဖူးမြော်ကြည်ညိုခဲ့ကြပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)