ကျိုင်းလပ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေစီးဆင်းမှု များပြားခြင်းကြောင့် တာလေ - ကျိုင်းလပ်သွား ကားလမ်း ပန်ပဲကျေးရွာနှင့် ဝမ်တုံကျေးရွာအကြားတွင် လမ်းကျွံကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားသည့်နေရာမှာ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲအောက်ကျေးရွာနှင့် ဝမ်တုံကျေးရွာအကြား တာလေ- ကျိုင်းလပ်သွား ကားလမ်းမကြီး (ကီလိုမီတာ ၁၃-၁၄ အကြား)တွင် အကျယ် ပေ ၃၀၊ အရှည် ၅ ပေခန့်ရှိ တံတားအမှတ် ၁/၁၄ မှာ မိုးသည်းထန်စွာ ရွာသွန်း၍ ရေစီးဆင်းမှုများခြင်းကြောင့် ကတ္တရာလမ်းသား သုံးပေခန့် ရေတိုက်စားကာ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)


