သထုံ ဩဂုတ် ၁၁
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် Oxygen Concentrator ၁၀ လုံးအား သထုံမြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့မှ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက သုဝဏ္ဏဘူမိ သာသနဗိမာန်တော်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသလျက်ရှိသော အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် တစ်လုံးလျှင် ငွေကျပ် ၁၃ သိန်းတန်ဖိုးရှိ 10 Liter PDA Type Oxygen Concentrator ၁၀ လုံးအား မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့မှ ထောက်ပံ့လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်သင်းသင်းအိတို့က လက်ခံရယူခဲ့သည်။
ခရိုင်(ပြန်/ဆက်)


