mdn

နေပြည်တော် ဩဂုတ် ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာ တွင်း ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ လူထူဗဟိုပြုစီမံ ကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာခန်းမဆောင်နှင့် စာသင်ကျောင်းမြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းစုကျေးရွာ ဆင်အုံငါးမွေးမြူ ကုန်ထုတ် သမဝါယမ အသင်း၌ အသင်းအမှုဆောင်များနှင့် တွေဆုံကာ စိုက်ပျိုးကုန်ထုတ် သမဝါယမအသင်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းများ အောင်မြင်ရန်အတွက် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး အသင်းအမှုဆောင်များ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော လယ်ဝေးမြို့နယ် ကန်လှကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် ကျွန်းဦး ကျေးရွာ အိမ်အရောက် ရေရရှိရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်း၊တံတားလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း (၄၇)ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၁၈ မိုင် ၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ် တံတား (၄၂)စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)(၇)ရွာ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၆)ရွာနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း (၃၄)ကြိမ်တို့ကို အကောင်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
(သတင်းစဉ်)